May
22
kyalsote



ဒူးထောက်ခစားပါလျှက်နဲ့
မော်ဖူးခွင့်မရတဲ့အခါတိုင်း
ဟောဒီရင်ဘတ်က
တဆတ်ဆတ်နာတယ်..။

မုန်းလိုက်မယ်ဟဲ့
မေ့လိုက်မယ်ဟဲ့ နဲ့
တကယ်တမ်းလျှောက်မိတော့ ...
ခြေထောက်တခြား လမ်းတခြားရယ် .။

နင့်အတွက်ပဲ တညလုံးနေသာ
နင့်အတွက်ပဲ တနေ့လုံး အမှောင်ဖုံး
တစတစနဲ့
ငါလဲ လူညွှန့်တုန်းလာတယ်..။

ဒီလိုနဲ့ပဲ ..
ဒီလိုနဲ့ပဲ.......
တနေ့နေ့မှာ နင်ကမ်းလင့်လာမယ့်
ကွမ်းတစ်ယာ ရေတမုတ်ကို
ချဉ်ချင်းတတ်လာတတ်ခဲ့တယ်...။
Labels: 0 comments | edit post
May
22
kyalsote
တောင်းပန်ပါတယ်...
နင့်ကမ်းစပ်ကနေ
ကြိုးမဖြည်ပဲထွက်ခွာသွားခဲ့တဲ့အတွက်လေ..။

ခရီးမတွင်နိုင်မှန်း သိရက်နဲ့
မျက်စိမှိတ် လှော်ခတ်
နောက်ဆုံးကြ
လူအမြင်ကတ်တာပဲ အဖတ်တင်တယ်..။

လက်ပန်းကျကာမှ
နောက်ကို မရဲတရဲပြန်ကြည့် .
နင်....
ရှိရော ရှိနေသေးလားဟင် ...။
Labels: 0 comments | edit post
May
22
kyalsote
မခံစားတတ်တာ မဟုတ်ဘူး..
ဟောဒီရင်ဘတ်ကြီးထဲ
ရောက်ကိုမလာတာ..။

နင့်ဟာနဲ့နင်တော့
စာလုံးပေါင်းမှန်နေပေမယ့်
ငါ့ဆီကိုလာပြီး အထားအသိုမှားနေတာက
ဆိုးတယ်...။

ခင်းပေးလာတဲ့ မြောင်းက
မြစ်လောက်ဖြစ်နေတော့လဲ
စီးပေးရမယ့် ရေ တပေါက် နှစ်ပေါက်က
အား.....နာ......တယ်.....။
Labels: 0 comments | edit post
May
22
kyalsote
သူငယ်ချင်းလို့ မခေါ်နဲ့ ။
နင့် အသက်ရှုသံတွေ
ခိုးခိုးနမ်းဖူးတဲ့ငါ
လိပ်ပြာမလုံလွန်းလို့.........။

ရူးသွပ်တယ်ပဲပြောပြော
အစွန်းရောက်တယ်ပဲ ဆိုဆို
နင်သာ ငါ့ညတို့ရဲ့ နတ်သမီးပျိုပါ...။

ခက်တာက နင်ကလဲ
ဘယ်ဆောင်းကမှ လက်သင့်မခံတဲ့
နှင်းတပွင့်မဟုတ်ခဲ့ဘူးလေ....။

မျက်စိမှိတ်တီးနေကြတဲ့
လက်ခုပ်သံတွေကြား
ရှေ့ ဆက်မတိုးဝံ့တဲ့ ဒီဆင်ကန်းကိုကျ
ဘယ်သူက စာနာပေးမှာလဲ....။

တစ်..
နှစ်...
သုံး..အော်ပြီးနင့်ကို
(လွယ်လွယ်လေး)
မုန်းလို့ရရင်လဲ အကောင်းသား..။

လက်ခမောင်းခတ်ခွင့်ချောင်းနေတဲ့
တောကြောင်တသိုက်စာရင်းမှာ
ငါမပါချင်လို့ပါ...။
Labels: 0 comments | edit post
May
22
kyalsote
မိုးခေါင်လို့ တီးခဲ့တာမှမဟုတ်တာ.
ငါဆိုတဲ့အကောင်က
ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် အလုံပိတ်
ကိုယ့်ခန္ဓာကိုယ်ပြန် သင်္ဂြုလ်ချင်တဲ့ကောင်..။

မြေစမ်းဖို့ ပျိုးခဲ့တဲ့ခရမ်းမဟုတ်ခဲ့ပေမယ့်
ကိုယ့်ကို တကယ်နမ်းလိမ့်မယ်လို့
မမျှော်လင့်ခဲ့ရိုးအမှန်ပါ..။

ဖွင့်ပေးမှာရော ..
ငြင်းဆန်မှာပါ ကြောက်လျှက်နဲ့
တံခါးခေါက်ချင်နေတဲ့လူတယောက်ကို
နင်..
မမြင်ချင်ယောင်ဆောင်နေပေးပါ....။

စိတ်ချပါ
ဒီပန်းကို ငါကိုယ်တိုင်
ကြိုးစင်တင် မီးရှို့ ပါ့မယ်။
Labels: 0 comments | edit post