kyalsote



ဒူးထောက်ခစားပါလျှက်နဲ့
မော်ဖူးခွင့်မရတဲ့အခါတိုင်း
ဟောဒီရင်ဘတ်က
တဆတ်ဆတ်နာတယ်..။

မုန်းလိုက်မယ်ဟဲ့
မေ့လိုက်မယ်ဟဲ့ နဲ့
တကယ်တမ်းလျှောက်မိတော့ ...
ခြေထောက်တခြား လမ်းတခြားရယ် .။

နင့်အတွက်ပဲ တညလုံးနေသာ
နင့်အတွက်ပဲ တနေ့လုံး အမှောင်ဖုံး
တစတစနဲ့
ငါလဲ လူညွှန့်တုန်းလာတယ်..။

ဒီလိုနဲ့ပဲ ..
ဒီလိုနဲ့ပဲ.......
တနေ့နေ့မှာ နင်ကမ်းလင့်လာမယ့်
ကွမ်းတစ်ယာ ရေတမုတ်ကို
ချဉ်ချင်းတတ်လာတတ်ခဲ့တယ်...။
Labels: edit post
0 Responses

Post a Comment