kyalsote


ဒီတခါလည်း...
ဘာကိုမှ နားမလည်ရင်း
နင့်ကို နားလည်ပေးလိုက်ပါတယ်...။

တခုပဲ...
ဝမ်းနည်းစရာတွေ မျက်ဝန်းကခပ်ထုတ်
တစစ စီးကျနေတဲ့မျက်ရည်တွေသုတ်ဖို့
ငါ့ရင်ဘတ်ကို ခေါင်းအုံးလုပ်ပါ...။

နင့်ကို ယုယုယယထွေးပွေ့ရင်း
နင့်ဆံပင်လေးတွေသပ်တင်ရင်း
(ငါကိုယ်တိုင်ဂဃနဏမသိတဲ့)
နင့်ရဲ့ဝမ်းနည်းစရာတွေ...
ရိပ်ဖမ်းသံဖမ်း ဖြေသိမ့်ပါရစေလား..။
Labels: edit post
0 Responses

Post a Comment