kyalsote
အမှတ်တမဲ့ငုံ့ကြည့်မိတော့
ငါ့ရင်ဘတ်မှာလဲ လှံရာဗရပွပါလား..
နင့်အတွက်ဆိုပြီး နှိမ့်နှိမ့်ပေးလိုက်ရတာ
ဘယ်လောက်တောင်များခဲ့ပြီလဲ..။

နင်ပေးခဲ့ ..
......................
(အချစ်လို့ပဲဆိုပါစို့)
အချစ်ဆိုတာကလဲ
ကြိုးမိန့်ကျ အကျဉ်းသားတယောက်ရဲ့
နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတာနဲ့
ဘာများကွာခဲ့လို့လဲ..
အချိန်အတိုင်းအတာလေးတခုပဲ ကွာခဲ့တာပါ

ကြာတော့...
ငါ့အချစ်ကို ငါတောင်အားနာပြီ...။


ပျော့ညံ့တယ်ပဲပြောပြော
ယောင်္ကျားမဆန်ဘူးပဲဆိုဆို
နင့်အတွက်ငါ...
ဒီတခါတော့ ငိုမယ်..။

ပြီးပီ..
ငါထွက်သွားပါပြီ...
နင့်အပါးအခစားဝင်ကြတဲ့
နင့်ရဲ့ ကျေးတော်ကျွန်တော် စာရင်းကနေ
ငါ့နာမည်စာလေးလုံးကို မှင်နီနဲ့သာ
ကြက်...ခြေ...ခတ်....လိုက် ...ပါ....တော့ ။
Labels: edit post
0 Responses

Post a Comment