မယုံပြန်ဘူးလား ရွှေယောင်ရယ်…
မမီမကမ်းနဲ့ လှမ်းခဲ့ရပေမယ့်
နင်က… ငါတကယ်ချစ်မိသွားတဲ့ နဂါးငွေ့တန်းလေးပါ။
ခိုးခိုးပြီးနမ်းခဲ့တာတွေတော့ ဗွေမယူနဲ့ပေါ့ ရွှေယောင်ရယ်…
ဘယ်သူတွေမေးငေါ့ငေါ့
နင့်နှုတ်ခမ်းတွန့် တချက်တိုင်းမှာ
ပြေးလာချော့ချင်တဲ့ကောင်ပါ။
တစ်ထောင့်တစ်ညလုံးလုံး
ပုံပြင်တွေပဲပြောရလောက်အောင်တော့
ငါမတုံးသေးဘူးဆိုရင်
နင်ကပြုံးဦးမယ်…။
ကြယ်တွေတစ်အုပ်ကြီးကြွေဦးမယ်ရွှေယောင်ရေ…
မျက်လုံးလေးတွေမှိတ်ထားရုံနဲ့ တွေ့ရမယ့်
ငါဖန်တီးထားတဲ့ ဧဒင်ဥယျာဉ်
နင့်ကို ကိုယ်တိုင်မြင်စေချင်ပြီ…။
စာမျက်နှာတွေပေါ် တက်တက်လွမ်းရတာတော့
အချစ်တွေ ဈေးကျတယ်ရွှေယောင်…
ဖယောင်းကောင်းကောင်းနဲ့သက်သေပြချင်တာမို့
…..
နင်ပြန်လာဖို့ လိုတယ်။
Post a Comment