kyalsote

ပြန်လာမယ်တဲ့

မခို့တရို့အပြုံးနဲ့နင်ကအဆို

ဘာသာမရှိသေးတဲ့ကမ္ဘာဦးလူလို ထအော်မိတယ်…

တကယ်ပါကွယ်…

စည်းလွတ်ဝါးလွတ် ငါပျော်တယ်…။



ဟုတ်တာပေါ့ကွယ်

အနန္တမှာမှ ဆုံရရင်

အိုသေ ကုန်မှာပေါ့…

တို့တွေက မျဉ်းပြိုင်တွေမှ မဟုတ်ဘဲ။



ရက်အတိအကျလား ?

မလိုပါဘူးကွယ်…

နင့်အတွက်ဆို ဘ၀တစ်ခုလုံးတောင် အား…ထားတာ

ရင်ဘတ်နဲ့ဖြန့်ခင်းဖို့သာ သေချာရင်

တကောင်းကင်လုံးလင်းဖို့က ငါတာဝန်ထား…။



ခုလောလောဆယ်တော့

“ကိုကို”အစချီတဲ့ မန္တန်တပုဒ်စီတိုင်းမှာ

(လူရှေ့သူရှေ့ဆို)

အရူးတပိုင်းမဖြစ်စေမယ့် ကုနြေ္ဒဆယ်ဆေး

ဆိုင်တကာ လှည့်ရှာမေးနေတယ်…။
Labels: edit post
0 Responses

Post a Comment